မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မြစ်သား သြဂုတ် ၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်ကြည်က ပါတီလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ရန်နှင့် သဘာဝဘေးများကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီပေးရန် ဆွေးနွေးမှာကြားကာ မြို့နယ်ကော်မတီများက မိမိတို့နယ်မြေအလိုက် ဆွေးနွေးကြသည်။ အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ် ကော်မတီများ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့်ကော်မတီများ စုစုပေါင်း အင်အား ၉ဝ တက်ရောက်ကြောင်း သိရသည်။