နိုင္ငံရဲ့သမိုင္းေၾကာင္းမ်ားကို သင္ခန္းစာယူၿပီးနိုင္ငံကိုဖြံ့ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း ျပည္ေထာင္စုနယ္ေျမတိုင္း၊ ခရိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံပြဲ၌ ဒုတိယဥကၠ႒ေျပာၾကား

ေနျပည္ေတာ္ ဇူလိုင္ ၂၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းသည္ဗဟိုအလုပ္အမႈ ေဆာင္ ဦးတင့္လွိုင္ျမင့္ႏွင့္အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ (၂၆.၇.၂၀၂၃)ရက္ေန႔တြင္ျပည္ေထာင္စုနယ္ေၿမ တိုင္း၊​ခရိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ နံနက္ (၉:၃၀)နာရီကေတြ႕ဆုံခဲ့ပါသည္။
ဒုတိယဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားရာတြင္ တိုင္းျပည္လြတ္လပ္ေရးမဆုံးရႈံးေအာင္ကာကြယ္ ရာတြင္ျပည္သူတိုင္းတြင္တာဝန္ရွိေၾကာင္း၊ တို႔တာဝန္အေရး(၃)ပါးကိုကာကြယ္ေစာင့္ေရွာက္ ရမွာျဖစ္ေၾကာင္း၊ကိုယ့္တိုင္းျပည္ကို ဖြံ့ၿဖိဳး တိုးတက္ေအာင္လုပ္ေဆာင္ၾကရမွာျဖစ္ေၾကာင္း၊ နိုင္ငံရဲ့သမိုင္းေၾကာင္းကိုလည္းသိရွိထားရမွာျဖစ္ ၿပီးသင္ခန္းစာယူရမွာျဖစ္ေၾကာင္း၊
ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ စည္းကမ္းနဲ႔အညီလုပ္ကိုင္ရန္လို​အပ္ေၾကာင္း၊ ျပည္သူမ်ားႏွင့္ေတြ႕ဆုံဆက္ဆံရာတြင္လည္း
အသြင္သစ္ဆက္ဆံေရးႏွင့္ျပည့္မ႑ိဳင္လုပ္ငန္းစဥ္ ကို ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ဖို႔လိုအပ္ေၾကာင္း ဦးစြာႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားပါသည္။
၎ေနာက္ ၿမိဳ႕နယ္ဥကၠ႒မ်ားမွက႑ႀကီး(၈)ရပ္အလိုက္ လုပ္ေဆာင္ေနမႈမ်ား၊ျပည့္မ႑ိဳင္လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ား အားအေသးစိတ္တင္ျပေဆြးေႏြးခဲ့ၿပီး ခရိုင္ဥကၠ႒မ်ားမွ ထပ္မံျဖည့္စြက္တင္ျပေဆြးေႏြး ခဲ့ပါသည္။
ၿမိဳ႕နယ္ဥကၠ႒မ်ားႏွင့္ခရိုင္ဥကၠ႒မ်ား၏ တင္ျပခ်က္မ်ားအေပၚ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ဦးလွေဆြမွ ျပည့္မ႑ိဳင္လုပ္ငန္းစဥ္ေဆာင္ရြက္ေနမႈမ်ား၊ ပါတီဌာနခ်ဳပ္ အလုပ္သမားေရးရာဌာနႀကီးႏွင့္ ခ်ိတ္ဆက္ၿပီးလူငယ္မ်ားအလုပ္အကိုင္အခြင့္
အလမ္းရရွိေရးေဆာင္ရြက္ေနမႈမ်ား၊ ဌာနခ်ဳပ္လမ္းညႊန္ခ်က္မ်ားအေပၚေဆာင္ရြက္ေနမႈမ်ားအား တင္ျပေဆြးေႏြးခဲ့ၿပီး ဗဟိုအလုပ္အမႈဦတင့္လွိုင္ျမင့္(ပါတီစည္းကမ္းထိန္းသိမ္းေရး)မွပါတီစည္းကမ္းဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားအက်ယ္တဝံ့ရွင္းလင္း ခဲ့ပါသည္။
ျပည္ေထာင္စုနယ္ေျမ၏ တင္ျပေဆြးေႏြးခ်က္မ်ားအေပၚ ဒုတိယဥကၠ႒မွ ေပါင္းစပ္ညႇိႏွိုင္းေပးခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ဗဟိုအလုပ္အမႈေဆာင္စုံညီအစည္းအေဝး (၇/၂၀၂၃)ျပဳလုပ္ခဲ့ၿပီးျဖစ္၍အစည္းအေဝးမွ ခ်မွတ္လိုက္သည့္လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္လိုေၾကာင္း၊ မိမိတို႔ပါတီသည္တိုင္းျပည္ႏွင့္ျပည္သူကို အက်ိဳးျပဳမည့္ပါတီျဖစ္ေၾကာင္း၊နိုင္ငံ၏ ေျပာင္းလဲေသာအေျခအေနမ်ားေပၚမူတည္၍ ပါတီေအာင္နိုင္ေရးကိုႀကိဳးပမ္းေဆာင္ရြက္ သြားရန္ျဖစ္ေၾကာင္း၊
ျပည့္မ႑ိဳင္လုပ္ငန္းစဥ္အေကာင္ထည္ေဖာ္ေဆာင္ရြက္ေနမႈကိုအားရပါေၾကာင္း ဆက္လက္၍လည္းယခုထက္ ေအာင္ျမင္ေအာင္ႀကိဳးစားေဆာင္ရြက္ေပးေစလို ေၾကာင္းေျပာၾကားၿပီးေန႔လည္(၁၂)နာရီအခ်ိန္ တြင္ေတြ႕ဆုံပြဲ ၿပီးေျမာက္ခဲ့ပါသည္။

===================================================

နိုင်ငံရဲ့သမိုင်းကြောင်းများကို သင်ခန်းစာယူပြီးနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေတိုင်း၊ ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌပြောကြား
==========================
နေပြည်တော် ဇူလိုင် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်ဗဟိုအလုပ်အမှု ဆောင် ဦးတင့်လှိုင်မြင့်နှင့်အဖွဲ့ဝင်များလိုက်ပါလျက် (၂၆.၇.၂၀၂၃)ရက်နေ့တွင်ပြည်ထောင်စုနယ်မြေ တိုင်း၊​ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် နံနက် (၉:၃၀)နာရီကတွေ့ဆုံခဲ့ပါသည်။
ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်လွတ်လပ်ရေးမဆုံးရှုံးအောင်ကာကွယ် ရာတွင်ပြည်သူတိုင်းတွင်တာဝန်ရှိကြောင်း၊ တို့တာဝန်အရေး(၃)ပါးကိုကာကွယ်စောင့်ရှောက် ရမှာဖြစ်ကြောင်း၊ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံရဲ့သမိုင်းကြောင်းကိုလည်းသိရှိထားရမှာဖြစ် ပြီးသင်ခန်းစာယူရမှာဖြစ်ကြောင်း၊
ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင် စည်းကမ်းနဲ့အညီလုပ်ကိုင်ရန်လို​အပ်ကြောင်း၊ ပြည်သူများနှင့်တွေ့ဆုံဆက်ဆံရာတွင်လည်း
အသွင်သစ်ဆက်ဆံရေးနှင့်ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ် ကို အောင်မြင်စွာအကောင်အထည်ဖော်ဖို့လိုအပ်ကြောင်း ဦးစွာနှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
၎င်းနောက် မြို့နယ်ဥက္ကဋ္ဌများမှကဏ္ဍကြီး(၈)ရပ်အလိုက် လုပ်ဆောင်နေမှုများ၊ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အားအသေးစိတ်တင်ပြဆွေးနွေးခဲ့ပြီး ခရိုင်ဥက္ကဋ္ဌများမှ ထပ်မံဖြည့်စွက်တင်ပြဆွေးနွေး ခဲ့ပါသည်။
မြို့နယ်ဥက္ကဋ္ဌများနှင့်ခရိုင်ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေမှ ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်ဆောင်ရွက်နေမှုများ၊ ပါတီဌာနချုပ် အလုပ်သမားရေးရာဌာနကြီးနှင့် ချိတ်ဆက်ပြီးလူငယ်များအလုပ်အကိုင်အခွင့်
အလမ်းရရှိရေးဆောင်ရွက်နေမှုများ၊ ဌာနချုပ်လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးခဲ့ပြီး ဗဟိုအလုပ်အမှုဦတင့်လှိုင်မြင့်(ပါတီစည်းကမ်းထိန်းသိမ်းရေး)မှပါတီစည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကျယ်တဝံ့ရှင်းလင်း ခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၏ တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဗဟိုအလုပ်အမှုဆောင်စုံညီအစည်းအဝေး (၇/၂၀၂၃)ပြုလုပ်ခဲ့ပြီးဖြစ်၍အစည်းအဝေးမှ ချမှတ်လိုက်သည့်လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ပါတီသည်တိုင်းပြည်နှင့်ပြည်သူကို အကျိုးပြုမည့်ပါတီဖြစ်ကြောင်း၊နိုင်ငံ၏ ပြောင်းလဲသောအခြေအနေများပေါ်မူတည်၍ ပါတီအောင်နိုင်ရေးကိုကြိုးပမ်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊
ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်အကောင်ထည်ဖော်ဆောင်ရွက်နေမှုကိုအားရပါကြောင်း ဆက်လက်၍လည်းယခုထက် အောင်မြင်အောင်ကြိုးစားဆောင်ရွက်ပေးစေလို ကြောင်းပြောကြားပြီးနေ့လည်(၁၂)နာရီအချိန် တွင်တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ပါသည်။