၂၀၂၃ခုႏွစ္ ဒုတိယ(၃)လပါတ္ လုပ္ငန္းညႇိႏွိင္းအစည္းအေဝး ပထမရက္ စတင္က်င္းပ


လားရွိး ဇူလိုင္ ၂၆

ရွမ္း/ေျမာက္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ၏၂၀၂၃ခုႏွစ္ဒုတိယ(၃)လပါတ္လုပ္ငန္းညႇိႏွိင္းအစည္းအေဝးပထမရက္ ကို ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ(၂၆)ရက္ေန႔ နက္နက္ (ဝ၉၀ဝ)နာရီတြင္ စတင္က်င္းပခဲ့ရာ အဆိုပါအစည္းအေဝးသို႔ ျပည္နယ္ေကာ္မတီဝင္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ/ခရိုင္/ၿမိဳနယ္မ်ားမွ ဥကၠ႒/အတြင္းေရးမူး စုစုေပါင္း (၃၆)ဦး တက္ေရာက္ခဲ့ၾကပါသည္။
အဆိုပါအစည္းအေဝးတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳး ေရးပါတီ ပါတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္းမွ ပါတီ၏ ေရရွည္ရည္မွန္းခ်က္အျဖစ္ –
(၁)ျမန္မာျပည္ရွိေနသ၍ပါတီရွိရမည္
(၂)အင္အားက်စ္လစ္ေတာင့္တင္းသည့္ပါတီျဖစ္ရမည္
(၃)နိုင္ငံသူနိုင္ငံသားအားလုံးအားထားရမည့္ “မွတစ္ပါးအျခားမရွိ”ပါတီျဖစ္ရမည္ အပါအဝင္ပါတီဥကၠ႒ႀကီး၏ လမ္းညြန္မွာၾကားခ်က္မ်ား၊ အစည္းအေဝးတြင္ပါတီ အႀကီးအကဲမ်ား၏ လမ္းညြန္မွာၾကားခ်က္မ်ားအား လုပ္ငန္းလမ္းညြန္အျဖစ္ ခံယူရန္ ထပ္ဆင့္မွာၾကားခဲ့ပါသည္။
ရက္(၉၀)စီမံခ်က္အပိုင္းလိုက္အေကာင္ထည္ေဖာ္မႈ အားနည္းသည့္ၿမိဳနယ္မ်ားမွ ဥကၠ႒/ အတြင္းေရးမူးႏွင့္ခရိုင္အဆင့္ အပါအဝင္သင္တန္းေပးေဆာင္ရြက္ျခင္းႏွင့္စီမံခ်က္ အားထိေရာက္စြာ အေကာင္အထည္ေဖာ္ရန္ပညာေရးႏွင့္ ေလ့က်င့္ေရးဌာနႀကီးအား တာဝန္ေပးအပ္ထားမူလည္းထပ္ဆင့္မွာၾကားခဲ့ပါသည္။
ရက္(၉၀)စီမံခ်က္အေကာင္အထည္ေဖာ္မူအေျခအေန၊ ပါတီေအာင္နိုင္ေရးကိစၥမ်ား ႏွင့္ ေဒသတြင္းအေျခအေနမ်ားအား ေတြ႕ဆုံညႇိႏွိင္းေဆြးေႏြးၾကပါသည္။ အစည္းအေဝးပထမရက္အား ညေန(၁၆:၃၀)နာရီတြင္ ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။

======================================================

၂၀၂၃ခုနှစ် ဒုတိယ(၃)လပါတ် လုပ်ငန်းညှိနှိင်းအစည်းအဝေး ပထမရက် စတင်ကျင်းပ

လားရှိး ဇူလိုင် ၂၆

 

ရှမ်း/မြောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏၂၀၂၃ခုနှစ်ဒုတိယ(၃)လပါတ်လုပ်ငန်းညှိနှိင်းအစည်းအဝေးပထမရက် ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ နက်နက် (ဝ၉၀ဝ)နာရီတွင် စတင်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ/ခရိုင်/မြိုနယ်များမှ ဥက္ကဋ္ဌ/အတွင်းရေးမူး စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုး ရေးပါတီ ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ ပါတီ၏ ရေရှည်ရည်မှန်းချက်အဖြစ် –

(၁)မြန်မာပြည်ရှိနေသ၍ပါတီရှိရမည်

(၂)အင်အားကျစ်လစ်တောင့်တင်းသည့်ပါတီဖြစ်ရမည်

(၃)နိုင်ငံသူနိုင်ငံသားအားလုံးအားထားရမည့် “မှတစ်ပါးအခြားမရှိ”ပါတီဖြစ်ရမည် အပါအဝင်ပါတီဥက္ကဋ္ဌကြီး၏ လမ်းညွန်မှာကြားချက်များ၊ အစည်းအဝေးတွင်ပါတီ အကြီးအကဲများ၏ လမ်းညွန်မှာကြားချက်များအား လုပ်ငန်းလမ်းညွန်အဖြစ် ခံယူရန် ထပ်ဆင့်မှာကြားခဲ့ပါသည်။

ရက်(၉၀)စီမံချက်အပိုင်းလိုက်အကောင်ထည်ဖော်မှု အားနည်းသည့်မြိုနယ်များမှ ဥက္ကဋ္ဌ/ အတွင်းရေးမူးနှင့်ခရိုင်အဆင့် အပါအဝင်သင်တန်းပေးဆောင်ရွက်ခြင်းနှင့်စီမံချက် အားထိရောက်စွာ အကောင်အထည်ဖော်ရန်ပညာရေးနှင့် လေ့ကျင့်ရေးဌာနကြီးအား တာဝန်ပေးအပ်ထားမူလည်းထပ်ဆင့်မှာကြားခဲ့ပါသည်။

ရက်(၉၀)စီမံချက်အကောင်အထည်ဖော်မူအခြေအနေ၊ ပါတီအောင်နိုင်ရေးကိစ္စများ နှင့် ဒေသတွင်းအခြေအနေများအား တွေ့ဆုံညှိနှိင်းဆွေးနွေးကြပါသည်။ အစည်းအဝေးပထမရက်အား ညနေ(၁၆:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။