ပန်းတနော်ပြည်ခိုင်ဖြိုးပါတီတံတားဖွင့်ပွဲတက်ရောက်

 

ပန်းတနော် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော် မြို့အိုးဘိုကျေးရွာအုပ်စု သဲကုန်းကျေးရွာတွင် အလှူ ရှင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးငြိမ်းမြိုင်၊ ဒေါ်ခင်ရီမိသားစုကတံတားနှင့် ကျွဲ လမ်း၊တာလမ်းတို့အား ဆောက်လုပ်လှူဒါန်းပေးရာ စုစုပေါင်းငွေကျပ်သိန်း ၁၄ဝ ကုန်ကျခဲ့ပြီး ယမန် နေ့နံနက် ၇ နာရီတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။

အဆိုပါတံတားဖွင့်ပွဲသို့ ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးဝင်းသိန်း၊ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း နှင့်ကော်မတီဝင်များ၊ရပ်မိ/ရပ်ဖ ကျေးရွာပြည်သူ များတက်ရောက်ခဲ့ကြသည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)