ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းမှု ကြိုဆိုထောက်ခံသောအားဖြင့် မလှိုင်ပြည်ခိုင်ဖြိုး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

viber image

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီအဆင့်ဆင့်ပြန် လည်ရွေးချယ်ဖွဲ့စည်းမှုကို ကြိုဆို ထောက်ခံသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ခြင်ဆေးဖျန်းခြင်းနှင့် ယင်ဆေးဖျန်းခြင်း လုပ်ငန်းများကို မေလ (၂၇) ရက် နံနက်ပိုင်းက မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပါတီကော်မတီဝင် ဒေါ်ဝင်းသီတာနှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်း တို့ဦးဆောင်သော ပါတီဝင်အင်အား (၅ဝ) ဦးတို့က မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန်အတွက် မလှိုင်မြို့ မြို့မစည်ပင်သာယာဈေးပတ်ဝန်းကျင်ရှိ ရေမြောင်းများ၊ အမှိုက်ပုံများ၊ ဘဏ်လမ်းနှင့် မိတ္ထီလာ-မလှိုင်-မြင်းခြံကားလမ်းဘေးတစ်လျှောက်ရှိ ရေမြောင်းများ၊ ခြင်များခိုအောင်းပေါက်ပွားနိုင်သော ရေမြောင်း များတွင် ခြင်ဆေးများဖျန်းခြင်း၊ ယင်ကောင်များ မပေါက်ဖွားနိုင်အောင် ယင်ဆေးများဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ မေလ (၂၈) ရက်တွင်လည်း ဘုန်းကြီးကျောင်းများ၌ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သစ်သစ်


Leave a Reply