ကင်ဆာဝေဒနာရှင်အတွက် သွားရောက် ထောက်ပံ့

လားရှိး ဇူလိုင် ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးတန်ဂွန်းနှင့် လားရှိးခရိုင်ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေတို့သည် ၂၀၂၃ ခုနှစ်၊ဂျူလိုင်လ(၅)ရက်နေ့တွင်၊ ကင်ဆာရောဂါဝေဒနာ အပြင်းအထန်ခံစားနေရသော ပြည်နယ်ပါတီရုံးအကူ+ယာဉ်မောင်းဖြစ်သူ ဦးမောင်တူး၏ ဇနီးအား ၄င်း၏နေအိမ်သို့ သွားရောက်ကြည့်ရှု၍ ဆေးဝါးကုသစရိတ်ကျပ်(၁၁၀ဝ၀ဝ) ကျပ်ကိုသွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။