ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြသင်​တန်း အမှတ်​စဉ်​(၅) သင်​တန်းဖွင့်​ပွဲအခမ်းအနား တက်​​ရောက်​မိန့်​ခွန်း​ပြောကြား

 

နေပြည်​​တော်​၊ ဇူလိုင်​ ၉

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့ ဇူလိုင်​လ ၉ ရက်​​နေ့ နံနက်​ ၉နာရီခွဲအချိန်​တွင်​ ​နေပြည်​​တော်​ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်​ သင်​တန်း​ကျောင်းခန်းမ၌ ဖွင့်​လှစ်​သည့်​ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်း အမှတ်​စဉ်​ (၅) သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့တက်​​ရောက်​၍ အဖွင့်​မိန့်​ခွန်း​ပြောကြားခဲ့သည်​။

အဆိုပါဖွင့်​ပွဲအခမ်းအနားတွင် နိုင်​ငံ​တော်​အလံအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းစု​ပေါင်းသီဆိုဖွင့်​လှစ်​ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ အဖွင့်​အမှာစကား​ပြောကြားခဲ့သည်​။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား တိုင်းနှင့်ပြည်နယ်များမှ သင်တန်းသား သင်တန်းသူများအား ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။