ChatGPT App ကို အိန္ဒိယနဲ့ တခြား ၃၂ နိုင်ငံက iOS User တွေမှာ သုံးနိုင်ပြီ

ChatGPT Web Version ကို တစ်ကမ္ဘာလုံးမှာ အသုံးပြုမှု များလာပါပြီ။ ပိုမို အဆင်ပြေစေဖို့အတွက် OpenAI က အမေရိကန်အတွက် Mobile App ကို ဖြန့်ချိပေးခဲ့ပြီး Download ပြုလုပ်တဲ့ အရေအတွက် ၅ သိန်းကျော်သွားပါပြီ။ အခုတော့ ကုမ္ပဏီက တခြား ၃၃ နိုင်ငံအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ ဒါပေမယ့် iOS User တွေမှာပဲ အသုံးပြုလို့ရပါတယ်။
ChatGPT App ကို အိန္ဒိယနဲ့ တခြား ၃၂ နိုင်ငံမှာ သုံးနိုင်ပါပြီ။ အဲဒီ နိုင်ငံတွေက Algeria, Argentina, Azerbaijan, Bolivia, Brazil, Canada, Chile, Costa Rica, Ecuador, Estonia, Ghana, India, Iraq, Israel, Japan, Jordan, Kazakhstan, Kuwait, Lebanon, Lithuania, Mauritania, Mauritius, Mexico, Morocco, Namibia, Nauru, Oman, Pakistan, Peru, Poland, Qatar, Slovenia, Tunisia နဲ့ the United Arab Emirates တို့ ဖြစ်ပါတယ်။
France, Germany နဲ့ Ireland တို့လို ဥရောပနိုင်ငံတွေနဲ့ New Zealand, Nigeria, South Korea နဲ့ the U.K တို့မှာလည်း သုံးနိုင်ပါပြီ။
ChatGPT App ကို Apple App Store ကနေ အခမဲ့ Download လုပ်နိုင်ပြီး Web Version မှာလို ကြော်ငြာတွေ မပါပါဘူး။ OpenAI ရဲ့ Speech Recognition System ဖြစ်တဲ့ Whisper ပါတဲ့အတွက် Voice Input သုံးနိုင်ပါတယ်။ ChatGPT Plus ကို အခပေး သုံးရင်တော့ GPT-4 ရဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေကို သုံးနိုင်ပါတယ်။
OpenAI က Android Version ကို ထုတ်လုပ်ပေးဖို့ စီစဉ်နေပါတယ်။
Ref : gizmochina / DigitalTimes