ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုအခမ်းအနားကျင်းပ

နေပြည်တော် မေလ ၂၅

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည့်မဏ္ဍိုင် ဆုံစည်းရာ အခမ်းအနားအား တောင်သာအုပ်စု သဌေးကုန်းကျေးရွာ ဦးထွန်းထွန်း ၏ နေအိမ်၌ နံနက် (၉)နာရီမှ (၁၀:၃၀)အထိ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေ ပါတီနာယက ဦးခင်မောင်းဌေး အတွင်းရေးမှူး ဦးဝင်းဌေး ကော်မတီများ ဖြစ်ကြသော ဒေါ်သီတာထွေး ဦးဖိုးသိန်း ဦးခင်မောင်ထွန်း ဦးအောင်မြင့်ကြိုင် ဦးကျော်ဌေး ပျဉ်းမနားခရိုင် ပါတီဥက္ကဌ ဦးထက်မင်းအောင် အတွင်းရေးမှူး ဒေါ်ဖြူဖြူကျော် မြို့နယ်ပါတီဥက္ကဌ ဦးဇော်တူးအောင် နှင့်ကော်မတီဝင်များ ပါတီဝင်များ ပါတီဝန်းရံသူများ အင်အား (၅၀)ခန့် တက်ရောက်ခဲ့ပါသည်။
သဌေးကုန်းကျေးရွာ မှပြည်သူဦးလှဝင်းမှ ကျေးရွာအတွင်းရှိလမ်းများကွန်ကရစ် များအဆင့်မြင့်တင်နိုင်ရေး ရွာရှိ အမကကျောင်းအားအဆင့်မြင့်တင်နိုင်ရေး နှင့်ကျောင်းခြံဝန်းတံခါး မရှိ၍လုံခြုံမူ့မရှီပါကြောင်း တင်ပြခဲ့ပါသည်။
ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌ ဦးလှဆွေမှကျောင်းခြံဝန်းတံခါးအား ပါတီမှလှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် ဖွံဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက် ပေးကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။