စင်ကာပူ မြေအောက်ရထားများအား စစ်ဆေးရာတွင် AI နည်းပညာသုံး စက်ရုပ်ခွေးကို အသုံးပြုတော့မည်

စင်ကာပူနိုင်ငံ Sengkang ရှိ အရှေ့မြောက်ပိုင်းရထားလိုင်း(NEL)တွင် ရထားများအားစစ်ဆေးမှုများပြုလုပ်ရာ၌ kAI ဟု လူသိများသော AI နည်းပညာသုံး စက်ရုပ်ခွေးကို အသုံးပြုတော့မည်ဖြစ်ကြောင်း SBS Transit Ltd အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီထံမှ သိရသည်။
၎င်းသည် လာမည့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် NEL တွင် စတင်လုပ်ဆောင်မည့် အသွင်ကူးပြောင်းရေး အစပျိုးမှု သုံးခုအနက်မှ တစ်ခုဖြစ်ပြီး အဆင့်ဆင့် တိုးချဲ့သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစက်ရုပ်ခွေးသည် လစဉ်ရထားဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကဲ့သို့သော ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်များကို နည်းပညာသမားများအား ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
စက်ရုပ်ခွေးတွင် ကင်မရာနှင့် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး၊ MRT ရထားများကို ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုစစ်ဆေးခြင်း၊ ချွတ်ယွင်းချက်များအတွက် မတူညီသော အစိတ်အပိုင်းများကို စစ်ဆေးခြင်းနှင့် နည်းပညာရှင်များက အကြံပြုထားသော ဖြေရှင်းချက်များမဆောင်ရွက်မီ မှတ်တမ်းတင်ထားသော အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာရန် ၎င်း၏ AI နည်းပညာကို အသုံးပြု၍ လုပ်ဆောင်သည်။
ရေရှည်တွင်၊ kAI ကို အခြေအနေအခြေခံထိန်းသိမ်းမှုများအတွက် အသုံးပြုသွားမည်ဖြစ်ပြီး ရထား ပြတ်တောက်မှုများ မဖြစ်ပွားမီ ၎င်း၏အဆင့်မြင့် အာရုံခံကိရိယာများက သက်ဆိုင်ရာ ရထား၏ချို့ယွင်းချက်များကို ကြိုတင်သိရှိနိုင်မည်ဖြစ်သည်။
Source: The Straits Times