စစ်တွေမြို့ရှိ လေဘေးဒဏ်သင့်ပါတီဝင်များအား ပါတီဥက္ကဋ္ဌမှ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့မှုများပြုလုပ်

မေ ၁၉
မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အားကောင်းသော မုန်တိုင်းမိုခါကြောင့် လေဘေးသင့်ခဲ့ရသည့် ပါတီဝင်များအား မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြသည်နယ်ပါတီရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။
ရှေ့ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီမှ လေဘေးဒဏ်ခံခဲ့ရသော ပါတီဝင်များအား အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပါတီဝင်များမှ မိမိတို့ ရပ်/ ကျေး အခြေအနေများနှင့် ပျက်စီးဆုံးရှုံးနေမှုများအား တင်ပြခဲ့ကြပြီးနောက် ပါတီဥက္ကဌကြီးမှ လေဘေးဒဏ်ခံခဲ့ရသော ပါတီဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပံ့ပိုးလှူဒါန်းပေးအပ်ခဲ့ သည်။
ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပြည်နယပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ပျက်စီးသွားသည့် ပါတီဝင်များ၏ နေအိမ်များသို့ သွားရောက်ခဲ့ကြပြီး မိသားစုဝင် များအား အားပေးစကားများသွာရောက်ပြောကြားခဲ့ပါသည်။