ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ သဘာဝဘေး ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေလှူဒါန်း

မေ ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီသည် မေလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်တွင် ကျင်းပပြုလုပ်သည့် အားကောင်းသည့် ဆိုင်ကလုံးမုန်တိုင်းဝင်ရောက်ခဲ့သည့် သဘာဝဘေးဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာဆောင်ရွက်နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းပွဲသို့ တက်ခဲ့သည်။
သဘာဝဘေးဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေ ကျပ်သိန်း ၃၀၀ အား ပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းတို့မှ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တက်ရောက်ခဲ့ကြသည်။
#USDP