တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးမွ ျပင္ဦးလြင္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးတြင္ ပါတီဝင္အင္အား စီစစ္ၿပီးစီးမႈ အေျခအေနအား သြားေရာက္ၾကည့္ရႈစစ္ေဆး

ျပင္ဦးလြင္ ေအာက္တိုဘာ ၁၈
၁၈-၁၀-၂၀၂၃ ရက္ေန႔ ၀၉:၀၀မွ၁၁:၀၀ အခ်ိန္ထိ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးသည္ တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအး၊ဦးသန္းစိုးျမင့္ တိုႏွင့္အတူ ျပင္ဦးလြင္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးသို သြားေရာက္ၿပီး ၿမိဳနယ္ပါတီမွ ၿမိဳနယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲႏွင့္ ပါတီဝင္အင္အား စီစစ္ၿပီးစီးမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ပါသည္။ထိုသို ၾကည့္ရႈစစ္ေဆးရာသို ျပင္ဦးလြင္ခရိုင္ပါတီဥကၠဌ ဦးဟိန္းမင္းဦး၊ အတြင္းေရးမႈး ေဒၚစံပယ္ဝင္းႏွင့္ေကာ္မတီဝင္မ်ား၊ျပင္ဦးလြင္ၿမိဳနယ္ပါတီဥကၠဌ ဦးဝင္းေဇာ္ႏွင့္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၿပီး ၿမိဳနယ္ပါတီဥကၠဌ ဦးဝင္းေဇာ္က ၿမိဳနယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲႏွင့္ေတြ႕ဆုံ၍ ပါတီဝင္အင္အား စီစစ္ၿပီးစီးမႈ အေျခအေနမ်ား၊စီစစ္ေတြ႕ရွိခ်က္မ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာ ၿမိဳနယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲမွ စစ္ေဆးအတည္ျပဳထားေသာ စာရင္းအေသးစိတ္အား ရွင္းလင္းတင္ျပခဲ့ၿပီး ၿမိဳနယ္ လဝကဦးစီးဌာနမွစစ္ေဆးၿပီး e-ID စာရင္းအရ ကြဲလြဲေနသည္မ်ားကို ျပန္လည္ဆယ္တင္ ၿပီးစီးမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ပါသည္။တင္ျပခ်က္မ်ားအေပၚ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက စီစစ္ထားေသာ ပါတီဝင္အင္အားစာရင္းအား အေသးစိတ္ ၾကည့္ရႈစစ္ေဆးခဲ့ကာ ဆက္လက္ေဆာင္ရြက္ရန္ က်န္ရွိသည့္ လုပ္ငန္းစဥ္မ်ားအား အျမန္ဆုံး ၿပီးစီးေအာင္ေဆာင္ရြက္သြားရန္ ေဆြးေႏြးေျပာၾကားခဲ့ၿပီး Application ျဖင့္ ပါတီဝင္ပုံစံ ျဖည့္သြင္းျခင္း လုပ္ငန္းစဥ္အား ဆက္လက္ေဆာင္ရြက္သြားရန္၊ထိုသို ျဖည့္သြင္းေဆာင္ရြက္ရာတြင္ ပါတီဗဟိုဌာနခ်ဳပ္မွ သတ္မွတ္ထားသည့္ အေရအတြက္ ျပည့္မီေအာင္ ျဖည့္သြင္းရန္ႏွင့္မွားယြင္းမႈ မရွိေစဘဲ တိက်ခိုင္မာေသာ ပါတီဝင္မ်ားကို စာရင္းျဖည့္သြင္းၿပီး ပုံစံ(ဇ)ပါ တစ္ပါတည္း ေရးသြင္း ျပဳစုထားရန္ ေဆြးေႏြးမွာၾကားခဲ့ပါသည္။

==================================

တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

ပြင်ဦးလွင် အောက်တိုဘာ ၁၈
၁၈-၁၀-၂၀၂၃ ရက်နေ့ ၀၉:၀၀မှ၁၁:၀၀ အချိန်ထိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးသည် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ဦးသန်းစိုးမြင့် တိုနှင့်အတူ ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးသို သွားရောက်ပြီး မြိုနယ်ပါတီမှ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲနှင့် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ထိုသို ကြည့်ရှုစစ်ဆေးရာသို ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊ အတွင်းရေးမှုး ဒေါ်စံပယ်ဝင်းနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြိုနယ်ပါတီဥက္ကဌ ဦးဝင်းဇော်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး မြိုနယ်ပါတီဥက္ကဌ ဦးဝင်းဇော်က မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲနှင့်တွေ့ဆုံ၍ ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေများ၊စီစစ်တွေ့ရှိချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ စစ်ဆေးအတည်ပြုထားသော စာရင်းအသေးစိတ်အား ရှင်းလင်းတင်ပြခဲ့ပြီး မြိုနယ် လဝကဦးစီးဌာနမှစစ်ဆေးပြီး e-ID စာရင်းအရ ကွဲလွဲနေသည်များကို ပြန်လည်ဆယ်တင် ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။တင်ပြချက်များအပေါ် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက စီစစ်ထားသော ပါတီဝင်အင်အားစာရင်းအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းစဥ်များအား အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပြီး Application ဖြင့် ပါတီဝင်ပုံစံ ဖြည့်သွင်းခြင်း လုပ်ငန်းစဥ်အား ဆက်လက်ဆောင်ရွက်သွားရန်၊ထိုသို ဖြည့်သွင်းဆောင်ရွက်ရာတွင် ပါတီဗဟိုဌာနချုပ်မှ သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် ဖြည့်သွင်းရန်နှင့်မှားယွင်းမှု မရှိစေဘဲ တိကျခိုင်မာသော ပါတီဝင်များကို စာရင်းဖြည့်သွင်းပြီး ပုံစံ(ဇ)ပါ တစ်ပါတည်း ရေးသွင်း ပြုစုထားရန် ဆွေးနွေးမှာကြားခဲ့ပါသည်။