မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးစည်းရုံးရေးမှူးများ နိုင်ငံရေးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မတ်လ ၂၅

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဖြတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင်(၂၅.၃.၂၀၁၉)ရက်နေ့ နံနက်(၈း၄၀)အချိန်၌ ရပ်/ကျေးစည်းရုံးရေးမှူးများ နိင်ငံရေးသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအ
ခမ်းအနားကို စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုပါတီကော်မတီဝင် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ၊ပြည်နယ်ပါတီကော်မတီဝင် ဦးအားဖာတို့မှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းဖြတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းမှ သင်းတန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားချိန် နံနက်(၉း၀၀)နာရီမှ
(၁၂း၀၀)နာရီထိ ပြည်နယ်ပါတီကောမတီဝင် ဦးအားဖာ၊ ဦးစိုင်းဟွမ်နွဲ့၊ ကျိုင်းတုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတေဖန်တို့မှ ခေါင်းစဉ်အလိုက်ပို့ချခဲ့ပြီး (၁၂း၁၀) နာရီတွင် နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးခဲ့ပါသည်။ (၁)နာရီမှ(၃း၄၅)နာရီထိ ပြည်နယ်ကော်မတီဝင် ဦးစိုင်းဆမ်တစ်၊ ဦးရှာမွေလှရှဲန် မိုင်ဖြတ်မြိုနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်ကျောက်၊ ဦးအားကိုတို့မှ ဆက်လက်ပို့ချခဲ့ပါသည်။

(၄း၁၅)နာရီအချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပကာ သင်းတန်းဂုဏ်ပြုမှတ်တမ်းလွှာများကို သင်တန်းသား စုစုပေါင်း (၁၁၈) ဦးကို သင်တန်ဆင်း လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ