တောင်ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ ASTRO အဖွဲ့ဝင် မွန်ဘင်းကို သူ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ရ

ယောက်ျားလေး K-pop အဖွဲ့ Astro မှ အဖွဲ့ဝင် မွန်းဘင်သည် အသက် ၂၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီဖြစ်သည့် ဖန်တဂျီယို က ဧပြီလ ၂၀ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

မွန်းဘင်အား ဆိုးလ်မြို့၊ ဂန်းနမ်းရပ်ကွက်ရှိ သူ၏ တိုက်ခန်းတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းလောက်က အသက်သေဆုံးလျက် ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

“ဧပြီ ၁၉ ရက်နေ့မှာ Astro အဖွဲ့ဝင် မွန်းဘင် ဟာ မမျှော်လင့်ဘဲ ငါတို့ကမ္ဘာကနေ ထွက်ခွာသွားပါပြီ” ဟု ဖန်တဂျီယို ၏ တရားဝင် တွစ်တာ အကောင့်တွင် ကြာသပတေးနေ့ နံနက်ပိုင်းက ကိုရီးယားဘာသာစကားဖြင့် ရေးသားကြေညာခဲ့သည်။

သေဆုံးရသည့် အကြောင်းအရင်းကိုမူ ကြေညာခဲ့ခြင်း မရှိပေ။ ထို့ပြင် ကြေညာချက်တွင်လည်း မွန်းဘင်၏ မိသားစုက သူ့အား ငြိမ်းချမ်းစွာ ဂါရဝပြု သင်္ဂြိုလ်ပေးနိုင်ရန်အတွက် သေဆုံးသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကိုယ်ပိုင် ထင်မြင်ချက်များဖြင့် ကြံဖန်သတင်းများ မရေးကြပါရန် တောင်းဆိုထားသည်။

မွန်းဘင် သည် ၂၀၁၆ ခုနှစ်တွင် ချာအွန်းဝူ အပါအဝင် အဖွဲ့ဝင် ခြောက်ယောက်ဖြင့် ဖွဲ့စည်းထားသော Astro ဖြင့် ပွဲဦးမထွက်မီ သရုပ်ဆောင်ရော မော်ဒယ်အနေဖြင့်ပါ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

Source: CNA