ခန္ဓာကိုယ်ကြွက်သားတွေ ကျစ်လျစ်သန်မာအောင် ဘယ်နှစ်ကြိမ် ဒိုက်ထိုးကြမလဲ

ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းက ခန္ဓာကိုယ် အပေါ်ပိုင်းကြွက်သားတွေကို သန်မာစေတဲ့လေ့ကျင်ခန်းပါပဲ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ပစ္စည်းကိရိယာ မလိုအပ်ပါဘူး။ ဆိုလိုတာက ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လုပ်လို့ရနိုင်ပါတယ်။ ခန္ဓာကိုယ် ကျစ်လျစ်ဖို့ လေ့ကျင့်ခန်းလုပ်ချင်ရင် ဒိုက်ထိုးတာက အကောင်းဆုံးရွေးချယ်မှုပါ။ ဒီလေ့ကျင့်ခန်းက လက်မောင်း၊ ချက်၊ ပခုံး နဲ့ ဝမ်းဗိုက်တွေလို ခန္ဓာကိုယ်ရဲ့အရေးပါတဲ့ ကြွက်သားတွေအားလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ သင် ဒိုက်ထိုးတာ အကြိမ်ရေ လုံလောက်ရဲ့လားဆိုပြီး ဇဝေဇဝါဖြစ်မိကြမှာပါ။ ဒါကြောင့် တစ်နေ့ကို ဒိုက်ဘယ်နှစ်ခါထိုးရင် ခန္ဓာကိုယ်ကြွက်သားတွေကို ထိရောက်မှုရှိလဲဆိုတာကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

တစ်နေ့ ဘယ်နှစ်ခါ ဒိုက်ထိုးသင့်သလဲ

ဒိုက်ထိုးတာက ခန္ဓာကိုယ် ကျစ်လျစ် သန်မာအောင် ကစားရတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒိုက်ထိုးတာက လွယ်တဲ့လေ့ကျင့်ခန်းတော့ မဟုတ်ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင် ဒိုက်ထိုးတတ်ဖို့ဆိုရင် လေ့ကျင့်ပေးဖို့လိုပါတယ်။ အခုမှစပြီး ဒိုက်ထိုးမယ့်သူတွေအတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်နေရတဲ့သူတွေပါ။ ဒါပေမဲ့ စိုးရိမ်စရာတော့ မလိုပါဘူး။ အစပိုင်းမှာ ဒိုက်ထိုးတာ (၂) ကြိမ်ပဲလုပ်နိုင်ရင်လည်း လုပ်ပါ။ တဖြည်းဖြည်းနဲ့ အကြိမ်အရေအတွက် တိုးလာအောင် ကြိုးစားကြည့်ပါ။

တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးရမယ်ဆိုပြီး အကြိမ်အရေအတွက် ကန့်သတ်ထားတာ မရှိပါဘူး။ တချို့လူတွေက တစ်နေ့ကို ဒိုက်ထိုးတာ အကြိမ် (၃၀၀) ကျော်လောက် လုပ်ကြပါတယ်။ ဒါပေမဲ့ ပုံမှန်လူတစ်ယောက်အတွက် ဒိုက်ထိုးတာ အကြိမ် (၅၀) ကနေ အကြိမ် (၁၀၀) က ခန္ဓာကိုယ် အပေါ်ပိုင်း ကျစ်လျစ်အောင်လုပ်ဖို့ လုံလောက်ပါတယ်။

အကြိမ်ရေ (၂၀) က စပြီး ဒိုက်ထိုးလို့ရပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်နဲ့ ရပ်ထားလို့မရပါဘူး။ သင့်ခန္ဓာကိုယ်အတွက် အကြိမ်အရေအတွက် တိုးအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒိုက်ထိုးတာ တစ်နေ့ အကြိမ် (၂၀) ကို (၃) လလောက် လုပ်မယ်ဆိုရင် အကြိမ် (၂၀) က ပြောပါ့လောက်စရာ မရှိတော့ပါဘူး။ တစ်နေ့ကို ဒိုက်ထိုးတာ (၁၂) ကြိမ်ကို (၃) ကျော့လုပ်ကြည့်ရင်လည်း ကြွက်သားတွေ သန်မာအောင် ကူညီပေးပါလိမ့်မယ်။

#yoyarlay