Messeneger ထဲမှာ ဂိမ်းတွေ ထည့်ပြီး တစ်ကမ္ဘာလုံးဆီ ဖြန့် ချိတော့မည်

Facebook သုံးရင်း ဂိမ်းဆော့ချင်တယ်ဆိုသူတွေအတွက် Messenger မှာ ဂိမ်းဆော့လို့ ရပြီဖြစ်ပါတယ်။ အပတ်စဉ်တိုင်း Messenger မှာ ဂိမ်းအသစ်တွေ တင်ပေးသွားမှာဖြစ်လို့ ဖုန်းနဲ့ မျက်စိခွာဖြစ်မှာတောင် မဟုတ်ပါဘူး။

ဒီဝန်ဆောင်မှုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက အမေရိကန်ပြည်ထောင်စုအတွက်ပဲ ဖြန့်ချိခဲ့တာပါ။ အခုတစ်ခါ မှာတော့ တစ်ကမ္ဘာလုံးက Facebook user များအတွက် Messenger ဟာ Pac-Man ၊ Space Invader နဲ့ Galaga ကနေ 8 Ball Pool အထိ ဂိမ်းပေါင်း ၅၀ အထိ ဆော့လို့ရတော့မှာ ဖြစ်ပါတယ်။ ဂိမ်းတွေ အကုန် လုံးဟာ Messenger မှာပဲ တစ်ခါတည်း ပါလာတာဖြစ်လို့ ဒေါင်းလုပ်ဆွဲစရာမလိုဘဲနဲ့ ဒီအက်ပလီကေးရှင်းထဲ မှာပဲ ဝင်ဆော့သွားလို့ရမှာပါ။

Instant Game ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး ဆော့သွားရတဲ့ ဂိမ်းတွေဖြစ်ပြီး အမှတ်ပေးဂိမ်းပုံစံနဲ့ ဆော့ရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့ Messenger ကနေ ချက်တင်ထိုင်နေရင်း သူ့ဆီက reply ပြန်မလာခင် ဆော့နေလို့ လည်းရပါတယ်။ ဒီဂိမ်းတွေကို free ဆော့နိုင်မှာ ဖြစ်သလို ဘာကြော်ငြာမှလည်း ထည့်မထားသေးပါဘူး။ ဒီတော့ လောလောဆယ်မှာ Facebook ရော ဒီဂိမ်းဆွဲတဲ့ developers တွေအနေနဲ့ပါ Instant Games တွေကနေ ဘာဝင်ငွေမှ ရှိမှာမဟုတ်သေးပါဘူး။ နောက်ထပ်ထည့်သွားမယ့် ဂိမ်းသစ်တွေကိုလည်း iOS နဲ့ Andriod စနစ်သုံးဖုန်းများအတွက် ဖြန့် ချိသွားမှာ ဖြစ်ပါတယ်။

Messenger ဟာ Facebook နဲ့ ချိတ်ဆက်သုံးရတဲ့ စာပို့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူ သန်း ၁၂၀၀ ကျော် ရှိထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တာကြောင့် ဂိမ်းသစ်များကို ပွဲထုတ်ဖို့ အကောင်းဆုံးနေရာဖြစ်လာဖို့ ရှိနေပါတယ်။ မကြာသေးမီက သုံးစွဲသူ သန်း ၁၉၀၀ ကျော်ရှိလာပြီ ဖြစ်တဲ့ Facebook ရဲ့ ဒီဝန်ဆောင်မှုဟာ ဂိမ်းပလက်ဖောင်းကို အပြောင်းအလဲ တစ်ခု ဖြစ်စေဖိုံရှိပါတယ်။ Facebook ကတော့ အမြဲ ထူးခြားတာတွေပဲ လုပ်နေပါတော့တယ်။  Credit: Duwun