ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ကျောင်းကုန်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့်တွေ့ဆုံ

ကျောင်းကုန်း မတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် (၂၂.၃.၂၀၂၃)နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြိုနယ်ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေး၊ ပါတီတွင်း

စည်းလုံးညီညွတ်ရေး၊ ရွေးကောက်ပွဲပြုလုပ်ကျင်းပပါက အဆင်သင့်ဖြစ်စေရန် စီမံဆောင်ရွက်ထားနိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။