ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ယူကရိန်းနိုင်ငံသို့ မကြေညာဘဲသွားရောက်ခဲ့

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က အင်္ဂါနေ့မှာ ယူကရိန်းနိုင်ငံသို့ မကြေညာဘဲ ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ ယူကရိန်းအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေကို နေတိုးရဲ့ ရန်ပုံငွေအဖွဲ့တွေက တစ်ဆင့် ကန်ဒေါ်လာ သန်း ၃၀ ဖိုး အထိ ပေးအပ်သွားမယ်လို့ ကတိပြုပြောကြားပါတယ်။

ဂျပန်နိုင်ငံက လာမယ့်မေလ ဟီရိုရှီးမားမြို့မှာ စက်မှုအင်အားကြီးအုပ်စု ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို လက်ခံ မကျင်းပမီ ဝန်ကြီးချုပ် ကီရှီဒါက အနေနဲ့ ယူကရိန်းနိုင်ငံကို လည်ပတ်ပြီး ယူကရိန်းနဲ့ သွေးစည်းညီညွတ်မှု ပြသချင်ခဲ့ကြောင်း ပြောကြားပြီး ဂျီ-၇  အစည်းအဝေး ကို တက်ရောက်ဖို့လည်း ယူကရိန်းသမ္မတကို ဖိတ်ကြားခဲ့ပါတယ်။

ရုရှား ရဲ့ အိမ်နီးချင်း ယူကရိန်းအား ကျူးကျော်မှုကိုလည်း နိုင်ငံတကာ တည်ငြိမ်အေးချမ်းမှုအခြေခံအုတ်မြစ်ကို အားနည်းသွားစေတဲ့ လုပ်ရပ် အဖြစ်လည်း ဂျပန်ဝန်ကြီးချုပ်က ရှုတ်ချပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံက ဂျီ-၇ အုပ်စု ဥက္ကဌတာဝန်ယူထားချိန်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေချိန်တွင် ဝန်ကြီးချုပ် ကီရှီဒါ ယူကရိန်းနိုင်ငံဆီ လာရောက်လည်ပတ်တာကို လွန်စွာ ဝမ်းမြောက်ကြောင်း သမ္မတ ဇီလန်စကီး က ပြောကြားပြီး သူ့အနေနဲ့ ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ဗီဒီယိုမှတစ်ဆင့် တက်ရောက်မယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။

-Ref:NHK