ဩစတြေးလျရှိ မြစ်တစ်စင်းတွင် ငါးသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွား

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၏ မြို့တော် မန်နင်ဒီရှိ မြစ်ထဲတွင် ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းဒေသခံနှင့် တာဝန်ရှိသူများက မတ် ၁၇ ရက်တွင်ပြောသည်။

ငါးများသေဆုံးမှုကို မတ် ၁၇ ရက်တွင် ဒေသခံများက စတင်တွေ့ရှိခဲ့သည်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေသည့် အပူလှိုင်းကြောင့် ငါးများသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောသည်။

လွန်ခဲ့သောသုံးနှစ်ကလည်း အဆိုပါမြို့တွင် ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး လက်ရှိသေဆုံးမှုမှာ ငါးအသေအပျောက်အများဆုံးဖြစ်ရပ်ဟု ဒေသခံများက ပြောသည်။

မန်နင်ဒီမြို့၏ အပူချိန်သည် မတ် ၁၈ ရက်တွင် ၄၁ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်သည်။ ဒါလင်ဘာခါမြစ်သည် မာရေးဒါလင်မြစ်ဝှမ်း၏ အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။

လက်ရှိတွင် ငါးများအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့် ပတ်သက်၍ နောက်ခံအကြောင်းရင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ စုံစမ်းအဖြေရှာသွားမည်ဖြစ်ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောဆိုသည်။

-Ref:BBC