ချန်ပီယံလိဂ်ပွဲမတိုင်မီမှာ ဖရန့်ဖတ်ပရိသတ်များနဲ့ အီတလီရဲများ ပြဿနာဖြစ်ပွားခဲ့

ယမန်နေ့က နာပိုလီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ ဒုတိယအကျော့မတိုင်ခင်မှာ ဖရန့်ဖတ်အသင်းရဲ့ ပရိသတ်တွေနဲ့ အီတလီလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

BBC ရဲ့အဆိုအရ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ ရဲကားတစ်စီးကိုမီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မီးခိုးဗုံးတွေ၊ မီးရှူးပန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ တခြားသတင်းတစ်ပုဒ်မှာတော့ ဖရန့်ဖတ်ပရိသတ်အချို့ဟာ မြို့ခံ နာပိုလီ အစွန်းရောက်ပရိသတ်တွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရကြောင်း သိရပါတယ်။

 -Ref: BBC