ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရခိုင်ပြည်နယ်အတွင်းရှိ ပါတီအဆင့်ဆင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံ

မတ် ၁၂၊ သံတွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှ ၃ နာရီအချိန်ထိ သံတွဲမြို့နယ်ပါတီရုံးတွင် ပြုလုပ်သော  ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များမှ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် (၇)မြို့နယ်မှ မြို့နယ်၊ ရပ်/ကျေး ပါတီတာဝန်ရှိသူများ စုစုပေါင်း (၂၂၇)ဦးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို တက်ရောက်လာသူများက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာ ” မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် သမိုင်းဖြစ်ရပ်များ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများ၊  ဒုတိယရက် ၉၀ ကာလဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဝိသမလောဘသားတို့၏ စီးပွားရေး ထောင်ချောက်၊ မှန်ကန်မှုမရှိသော သတင်းဌာနအချို့၏ မီဒီယာထောင်ချောက်များအကြား အသိ သတိရှိစွာနေရေး ကိစ္စရပ်များ၊ တို့တာဝန်အရေး (၃)ပါးကိုအလေးထား၍ ဆောင်ရွက်ကြရန် ” ထည့်သွင်းပြေကြားခဲ့ပါသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြည်နယ်ပါတီ၏ ပထမရက် ၉၀ ကာလ ဆောင်ရွက်ခဲ့မှုများ၊ ဒုတိယရက် ၉၀ ကာလ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောင်ရွက်နေသည့် ပါတီလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ ကြရာ ပါတီဥက္ကဋ္ဌ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။