ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြို့နယ်၊ ရပ်/ကျေး ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

13418724_1722703757999745_1385567362315004550_n

နေပြည်တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း သည် ဇွန်လ (၈) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သော မြို့နယ်၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဖေသန်းဦး၊ ပါတီအထောက်အကူပြုအဖွဲ့များ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးရဲဝင်း၊ တွဲဘက်အတွင်းရေးမှူး ဦးစိုးမင်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးသိန်းမြိုင်၊ ဦးအောင်ခိုင်ဦး၊ ဦးမျိုးဇော်၊ ဒေါ်ဝင်းယုအေး၊ ဒေါ်လဲ့လဲ့ဝင်း၊ ဦးမင်းအောင်၊ ဦးဇာနည်အောင် ဦးလှဇော်ဦး၊ ဦးဇော်မင်းထိုက်နှင့် ရုံးအဖွဲ့များ အုပ်စု “ပ” ခေါင်းဆောင်၊ “ဒု” ခေါင်းဆောင်နှင့် ကျေးရွာ အလိုက် ခေါင်းဆောင်များ တက်ရောက်ကြကြောင်း သိရသည်။

Credit – ZayYar

Leave a Reply