တိုက်ကြီးခရိုင် နှင့် တိုက်ကြီးမြို့နယ် ပါတီကော်မတီဝင်များ ပါတီရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀.၁၁.၂၀၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တိုက်ကြီးခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ခရိုင်နှင့် မြို့နယ် ကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကြပါသည်။ ရှေးဦးစွာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဗဟိုဥက္ကဋ္ဌကြီးဦးခင်ရီ၏ လမ်းညွှန်ချက်ဖြစ်သော ရက် ၉၀ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ပါတီဝင်အင်အား အတိအကျသိရှိစေရန် ဗဟိုကတ်ရရှိပြီးပါတီဝင်များအား နည်းလမ်းပေါင်းစုံဖြင့်စိစစ်ရန် အသက် ၁၇ ပြည့်ပြီးသူများကို ပါတီဝင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန် အသွင်သစ်ဖြင့်ဆက်ဆံရေးနည်းလမ်းများကိုအသုံးပြု၍ ကဏ္ဌကြီး ၈ ရပ် အားအကောင်အထည်ဖော်ဆောင်ရွက်ရန် လူငယ်နှင့်အမျိုးသမီးစကားဝိုင်းများကျင်းပ၍ လူငယ်ထုနှင့်အမျိုးသမီးထုအင်အားကြီးမားလာအောင်ဆောင်ရွက်ရန် ကင်းကွာပါတီဝင်များ မိတ်ဖက်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံပေါင်းစပ်လုပ်ကိုင်၍ ပါတီအောင်နိုင်ရေး ကိုအဓိကထား ဆောင်ရွက်ရန် ပါတီဝင်များလုံခြုံရေးသတိအမြဲရှိစေရန်နှင့် ပထမ ၃ လစီမံချက်အရ ပါတီဝင် စိစစ်ခြင်း လုပ်ငန်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့်ပါတီဝင်အင်အားအသစ် ၁၀၀၀ ဦး ရရှိရေးအတွက် ဆောင်ရွက်ရန် တို့ကို ညှိနှိုင်းဆုံးဖြတ်ကြပြီး အစည်းအဝေးကို နံနက် ၁၁း၃၀ တွင် ရုတ်သိမ်းကြပါသည်။