ရုရှားကို တရုတ်က လက်နက်တွေပေးပို့ခဲ့ရင် အကျိုးဆက်တွေရှိမယ်လို့ ဂျာမနီအဓိပတိ သတိပေး

စစ်ပွဲအတွက် တရုတ်က ရုရှားကို လက်နက်တွေပေးပို့ခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာဖြစ်ကြောင်း ဂျာမနီ အဓိပတိ  အိုလက်ဖ်ရှိုးဇ် က ပြောကြားပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းက ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ စိတ်ချကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံပြီးနောက် နှစ်ရက်အကြာ မတ် ၅ ရက်က ထုတ်လွှင့်ခဲ့တဲ့ စီအင်န်အင်န်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အိုလက်ဖ်ရှိုးဇ် က အထက်ပါအတိုင်းပြောကြားတာဖြစ်ပါတယ်။

တရုတ် က ဘေးမှာရပ်နေတာကနေ လမ်းခွဲထွက်ပြီး မော်စကို ကို လက်နက်တွေ ထောက်ပံ့မှု စတင်နေဖွယ်ရှိကြောင်း အမေရိကန် အရာရှိတွေက အရင်က သတိပေးပြောကြားခဲ့ပါတယ်။ အိုလက်ဖ်ရှိုးဇ် ကလည်း အမေရိကန် ခရီးစဉ်မတိုင်ခင်မှာ လက်နက်တွေ ပေးပို့တာတွေ မလုပ်ဖို့နဲ့ အဲဒီ အစား သူ့ရဲ့ ဩဇာကို သုံးပြီး ယူကရိန်းကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းရေး ရုရှားကို တွန်းအားပေးဖို့ တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

ဂျာမနီ အဓိပတိ က ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိမယ်ဆိုတာကိုတော့ သူ့ရဲ့ အင်တာဗျူးမှာ မပြောခဲ့ပါဘူး။

ဂျာမနီ က ဥရောပရဲ့  အကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး မကြာသေးခင်နှစ်တွေမှာ တရုတ် က သူတို့ရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

-Ref: AP/ec