မန်စီးတီးတောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ် ဝင်ငွေအများဆုံး ဘောလုံးကန်ဖိနပ်စပွန်ဆာရရှိ

မန်စီးတီးတောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ်ဟာ ဗြိတိန်ကစားသမားတွေထဲမှာ ဝင်ငွေအများဆုံး ဘောလုံးကန် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟာ Nike အမှတ်တံဆိပ် ဘောလုံးကန်ဖိနပ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် Puma နဲ့ လက်တွဲခဲ့တာပါ။

Puma နဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းအထိရရှိမှာဖြစ်ပြီး ၅ နှစ်သက်တမ်းရှိတာကြောင့် အကျိုးအမြတ်အများဆုံး ဘောလုံးကန်ဖိနပ်စပွန်ဆာရရှိခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ကစားသမားတွေထဲမှာ ဘောလုံးကန်ဖိနပ်စပွန်ဆာအများဆုံးရရှိခဲ့ဖူးတာက ဂါရတ်ဘေးလ်နဲ့ ဟယ်ရီကိန်းတို့ ဖြစ်ပြီး တစ်နှစ်ကို ပေါင် ၃ သန်းရရှိခဲ့တာပါ။

ဂရေးလစ်ရှ် ကစားတဲ့နေရာက ဒီဇိုင်းပုံစံသစ်ထုတ်လုပ်ချင်တဲ့ Puma အတွက် အခွင့်အလမ်းသစ်တွေ ရရှိစေနိုင်တာကြောင့် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Puma ရဲ့ အားကစားနဲ့ ဈေးကွက်ဆိုင်ရာအရာရှိချုပ် ဂျိုဟန်အဒမ်ဆန်က မှတ်ချက်ပေးသွားပါတယ်။