အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်းကို ယူရိုသန်း(၂၇၀)ဖြင့် ဆန်နင်းစီးပွားရေးလုပ်ငန်းစု လွှဲပြောင်း ၀ယ်ယူ

13340042_1723753384544212_2369811084805639096_o

တရုတ်စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဆန်နင်းစီးပွားရေးလုပ်ငန်းစုသည် ဥရောပထိပ်တန်း ကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်း နီးပါးကို ယူရိုသန်း(၂၇၀) (ဒေါ်လာ ၃၀၈ သန်း)ဖြင့် လွှဲပြောင်းဝယ် ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

နောက်ပိုင်းနှစ်များတွင် တရုတ်စီးပွားရေး လုပ်ငန်း ရှင်များသည် ဥရောပထိပ်တန်းကလပ်အသင်းများကို ၀ယ်ယူရန် ပစ်မှတ်ထားလာကြရာ အင်တာမီလန်အသင်း သည် ၎င်းတို့ချဲ့ထွင်လာသည့် ဈေးကွက်အတွင်း နောက်ဆုံး ကျရောက်လာသည့် ကလပ်အသင်းလည်းဖြစ်သည်။ ယခင်ကလည်း ဒါလီယန်ဝန်ဒါ လုပ်ငန်းစုက မန်စီးတီးအသင်း၏ ရှယ်ယာ (၁၃)ရာခိုင်နှုန်းကို ဒေါ်လာသန်း (၄၀၀)ဖြင့် ၀ယ်ယူခဲ့သေးသည်။

ဆန်နင်းစီးပွားရေးလုပ်ငန်းစုသည် တရုတ်ကလပ် ကျန်းဆုဆန်နင်းအသင်းကိုလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက ချယ်လ်ဆီးကွင်းလယ်လူ ရာမီရက်စ်အား ယူရို(၂၈)သန်း၊ ရှက်တာဒိုးနက် ကွင်းလယ်လူ အဲလက်စ်တိုင်ဆီရာအား ယူရိုသန်း(၅၀)ဖြင့် ခေါ်ယူထားသလို၊ ၂၀၁၄ ခုနှစ်က ဘာစီလိုနာအသင်းအား (၃)နှစ် စပွန်ဆာစာချုပ်ချုပ်ဆိုထားသည်။

Photo: Inter Milan


Leave a Reply