ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မာရေးမျှော်လင့်ထား

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက တင်ပါးဒဏ်ရာခွဲစိပ်ကုသမှုခံယူထားမှုကြောင့် ပွဲပြန်ကစားမည့် အချိန် နှောင့်နှေးမှုများ ရှိနေသော်လည်း ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြောသွားခဲ့သည်။

မာရေးမှာပြီးခဲ့သည့်ရာသီတွင် ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ပြီး ဒဏ်ရာကြောင့်အနားယူခဲ့ရကာ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် တင်ပါးဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့သည်။

ခွဲစိပ်ကုသမှု ခံယူခဲ့ပြီးနောက် Libema အိုးပင်းပွဲစဉ်ကို ပါဝင်ကစားနိုင်ရန် မျှော်လင့်ထားသော်လည်း ဒဏ်ရာ သက်သာမှု နှောင့်နှေးနေမှုကြောင့် ပွဲပြန်ကစားရန် အဆင်သင့်မဖြစ်နိုင်အောင် ဖြစ်နေသည်။

သို့သော်လည်း လာမည့် ဇူလိုင်လတွင် ကစားရမည့် ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်မည်ဟု မျှော်လင့် နေသည်။    

-Ref; Sky sports