ဗီယက်နမ်ကွန်မြူနစ်ပါတီမှ သမ္မတသစ် ခန့်အပ်

ဗီယက်နမ်ကွန်မြူနစ်ပါတီသည် နိုင်ငံတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇန်နဝါရီလတွင် ယခင်သမ္မတ ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဗီယက်နမ်ကွန်မြူနစ်ပါတီမှ အသက်အငယ်ဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Vo Van Thuong အား နိုင်ငံ၏ သမ္မတသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ပါတီသတင်း ရင်းမြစ်နှစ်ခုက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက် ၇၈ နှစ်ရှိ အထွေထွေအတွင်း ရေးမှူး ငုယင်ဖူထရွန်အား ၎င်း၏ တတိယ သက်တမ်း ၂၀၂၆ ခုနှစ် မကုန်မီ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ပါက အသက် (၅၂) နှစ်ရှိ Thuong ကို ကြီးကျယ်သည့်အခမ်းအနားဖြင့် ခန့်အပ်ရန် အဆိုပြုသည့် ပါတီ၏ ဆုံးဖြတ်ချက်သည် မျိုးဆက်သစ်နိုင်ငံရေးသမားများကို မြှင့်တင်ရန်နှင့် အာဏာကို ကျစ်လျစ်ခိုင်မာအောင်စုစည်းရန်  သဘောဆောင် သည်။

Thuong သည် နိုင်ငံ၏ ထိပ်တန်းဆုံးဖြတ်ချက်များချသည့်အဖွဲ့ဖြစ်သည့် အဖွဲ့ဝင် ၁၆ ဦးပါ ပေါ်လစ်ဗျူရို၏ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်နှင့် နီးစပ်သူအဖြစ် ကျယ်ပြန့်စွာမှတ်ယူခံရသည်။