ကမ္ဘာ့အချမ်းသာဆုံး ပြန်ဖြစ်လာတဲ့ Elon Musk

Elon Musk ဟာ Bloomberg ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူစာရင်းမှာ နံပါတ် ၁ နေရာကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ပါတယ်။

Tesla နဲ့ တွစ်တာ အပါအဝင် ကုမ္ပဏီများစွာရဲ့ အကြီးအကဲ Musk ရဲ့ လက်ရှိ ချမ်းသာမှုဟာ ဒေါ်လာ ၁၈၇.၁ ဘီလီယမ် ရှိတယ်လို့ Bloomberg က ပြောပါတယ်။ သူဟာ Louis Vuitton ကို ထုတ်တဲ့ LVMH CEO Bernard Arnault ရဲ့ ဒေါ်လာ ၁၈၂ ဘီလီယမ်ကို ကျော်တက်ကာ နံပါတ် ၁ နေရာကို ပြန်လည် ရယူလိုက်နိုင်တာပါ။

Arnault ဟာ အရင်နှစ် ဒီဇင်ဘာလက Tesla ရှယ်ယာတွေ တန်ဖိုးကျနေတဲ့အချိန်မှာ Musk ကို ကျော်တက်ကာ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခဲ့ပါတယ်။ အခုတော့ Tesla ရှယ်ယာတွေ တန်ဖိုး ပြန်တက်လာတဲ့အတွက် Musk က Arnault ကို ပြန်လည် ကျော်တက်နိုင်လိုက်တာပါ။

Musk ဟာ ၂၀၂၁ ခုနှစ်မှာ အမေဇုန် တည်ထောင်သူ Jeff Bezos ကို ကျော်တက်ကာ ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်လာခဲ့ပါတယ်။ Musk , Arnault နဲ့ Bezos တို့ဟာ Bloomberg ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူစာရင်းမှာ ထိပ်ဆုံးနေရာကို ဘတစ်ပြန် ကျားတစ်ပြန် သိမ်းပိုက်နေကြပါတယ်။

Ref : businessinsider