ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၂

ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊ အတွင်းရေးမှုးဒေါ်စပယ်ဝင်းနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဌဦးဝင်းဇော်၊ အတွင်းရေးမှုးဦးသိန်းဆွေနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်ဥက္ကဌဦးဟိန်းမင်းဦးနှင့် မြို့နယ်ဥက္ကဌဦးဝင်းဇော်တိုက ပါတီဗဟိုအထွေထွေအတွင်းရေးမှုး ဦးသောင်းအေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ကြပြီး ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိင်းဆောင်ရွက်ခဲ့ကြပါသည်။