ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံ ကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်း များနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင် ပါတီကော်မတီဝင်များ၊ရွှေဘိုမြို့နယ် ပါတီကော်မတီဝင်များ၊ ပန်းရံ ကျေးရွာမှ ပါတီဝင်များ စုစုပေါင်းအင်အား ၃ဝဝကျော် တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများ ဦးစားပေးဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပန်းရံကျေးရွာ ကိုယ့်အားကိုယ်ကိုးကျေးလက်ကျန်းမာရေး အဆောက်အအုံဆောက်လုပ်နေမှု အား သွားရောက်ကြည့်ရှုပြီး တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် ၁ဝဝ၊ ဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီး တာဝန်ခံဦးမြင့်စိုးက ဘိလပ်မြေ အိတ် ၂ဝဝ လှူဒါန်းခဲ့သည်။

စိမ်းနိုင်