ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့်ပြည်ခိုင်ဖြိုးပါတီပျဉ်းမနားမြို့နယ်ကျေးရွာ အုပ်စုများရှိ စာသင်ကျောင်းများအား အခမဲ့ခြင်ဆေးဖျန်း

 

နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခြင်ဆေးလိုက်လံဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ပျဉ်းမနားမြို့နယ်အတွင်းရှိ ကူးတို့ ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းကျောင်း၊ ဝဲကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အထက်တန်း ကျောင်း (ခွဲ)၊ ရွှေပြည်သာဘုန်းတော်ကြီးကျောင်းနှင့် ယင်းကျေးရွာ မူလတန်းကျောင်း၊ ပေါစံဒေါဘုန်းတော်ကြီးကျောင်းနှင့် ယင်းကျေးရွာရှိ စာသင်ကျောင်း၊ နတ်သူရဲကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်း၊ ပန်းပဲစု ကျေးရွာ ဘုန်းတော်ကြီးပညာ သင်ကျောင်းနှင့် စာသင်ကျောင်းများသို့ သွားရောက်၍ ခြင်းဆေး ဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းအား ရာဇသင်္ဂဟဖောင် ဒေးရှင်း(နေပြည်တော်)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြတ် မင်္ဂလာ ပရဟိတ လူမှုရေးအသင်းသားလူငယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နယ်မြေတာဝန်ခံ ဦးဇာနည်မင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင် များ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုလွင်