ငလျင်လှုပ်ခတ်ပြီးနောက် ခြောက်ရက်အကြာတွင် ဆောက်လုပ်ရေး ကန်ထရိုက်တာများကို တူရကီဖမ်းဆီး

တူရကီအရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် ခြောက်ရက်အကြာတွင် ပြိုကျပျက်စီးသည့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် လူပေါင်း ၁၃၀ ခန့်ကို တူရကီအာဏာပိုင်များကဖမ်းဆီးခြင်း သို့မဟုတ် ဖမ်းဝရမ်းထုတ်ခြင်းပြုထားသည်။

တနင်္လာနေ့က လှုပ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၂၈၁၉၁ ဦး ရှိလာပြီး ဒဏ်ရာရသူ ၈၀၀၀၀ ရှိလာကာ တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ ရုပ်အလောင်းများ ဆက်လက်တွေ့ရှိနေဆဲဖြစ်သဖြင့် ယင်း အရေအတွက်များ ထပ်မံမြင့်တက်လာဦးမည်မှာ သေချာနေသည်။

နှေးကွေးသော ကယ်ဆယ်ရေး ကြိုးပမ်းမှုများကြောင့် စိတ်ပျက်အားငယ်မှုများလည်း ပေါက်ဖွားလာသကဲ့သို့၊ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကို ခံစားနေရသော ဆီးရီးယားနယ်မြေ အပါအဝင် ငလျင်ဒဏ်ခံရသော ဒေသရှိပြည်သူများကို ယခုထက် ပိုမိုကောင်းမွန်စေရန်ကယ်ဆယ်မှုနှင့်စောင့်ရှောက်မှုများ ကြိုတင်စီစဉ်မထားခြင်း အတွက် ကမ္ဘာက အပြစ်တင်ရန် အာရုံစိုက်လာခဲ့သည်။

တူရကီတွင် လက်ရှိ ငလျင်ကာကွယ်ရေးအင်ဂျင်နီယာနည်းပညာဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီသည့် ဆောက်လုပ်ရေးစံနှုန်းသတ်မှတ်ချက်များ ရှိသော်လည်း၊ ထောင်နှင့်ချီသော အဆောက်အဦ များ အဘယ်ကြောင့် ပြိုကျရခြင်း သို့မဟုတ် နေထိုင်သူများ အောက်သို့ ကျွံကျသွားရခြင်းကို စုံစမ်းစစ်ဆေးနေလျှက်ရှိသည်။