နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့တို့ ပထမနေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည့် အစီအစဉ် ရှစ်ရပ်ကို အတည်ပြုနိုင်ခဲ့

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ငါး ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့ ပထမနေ့တွေ့ ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအ စဉ်ရှစ်ရပ်ကို အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။  နေပြည်တော်ရှိ အမျုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနတွင် ဒီဇင်ဘာ ၂၇ ရက်က နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ထိုသို့အတည် ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက် ရောက်လာကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုယ်စား ပအိုဝ်းအမျုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် ဆွေးနွေးမည့်အစီအစဉ်များကို နှစ်ဖက် အသေးစိတ်ညှိနှိုင်းခဲ့ကြပြီးနောက် အစီအ စဉ်ရှစ်ရပ်ကို အတည်ပြုခဲ့ကြောင်း သတင်းရ ရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီးမိုးမြင့်ထွန်း၊ အမျုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီးမင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒု တိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် ပအိုဝ်းအမျုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာ ယက ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျုးပြု ကရင်တပ်မ တော် (DKBA) စစ်ဦးစီးချုပ် စောစတီး၊ KNU/NKLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ဒုတိယဥက္ကဋ္ဌ ကျာဖူးနှင့် ငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ဒုတိယနေ့အ ဖြစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။