ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲ ကျင်းပ

၁၉-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံ၌ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ  ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးညွန့်ဆောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးအောင်နိူင်ဦး၊ဦးကျော်စန်း၊ဦးမျိုးမြင့်၊ဒေါ်ဝါဝါလှိုင်၊ ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ ဦးသိန်းလွင်၊ မဟာအောင်မြေခရိုင်ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှုးဦးဝင်းလှိုင်ငြိမ်းနှင့် ကော်မတီဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်ဥက္ကဌဦးစိုးအေး၊အတွင်းရေးမှုးဦးအောင်မျိုးခိုင်နှင့်ကော်မတီဝင်များ၊မြို့မိ/မြို့ဖများ၊ရပ်ကွက်ပါတီဥက္ကဌများ၊ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက နိူင်ငံတော်အလံအလေးပြုပြီး နိူင်ငံတော်သီချင်းသီဆို ဖွင့်လှစ် ခဲ့ကြပါသည်။ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ပါတီ၏ရှေ့လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီ အတွင်းရေးမှုးဦးညွန့်ဆောင်က ပြည်သူလူထု၏လိုအပ်ချက်များကို တတ်စွမ်းသမျှကူညီဆောင်ရွက်ပြီး ပြည်သူလူထုအားကိုယ့်ဘက်ပါအောင်စည်းရုံးဆောင်ရွက်ရေး၊ပါတီဝင်များအနေဖြင့် အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက် လာသူများက ဒေသအခြေအနေများအားတင်ပြခဲ့ကြပြီး ပြည်ကြီးတံခွန်မြို့နယ်ဥက္ကဌ ဦးစိုးအေးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအားတင်ပြခဲ့ကြောင်း သိရှိရသည်။