ညောင်ဦးခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံပြီးဆပ်ပြာဆီပြုလုပ်နည်း လက်တွေ့ပြသ

၁၉-၁၂-၂၀၂၂ ရက်နေ့ ၁၂:၃၀ အချိန်တွင် ညောင်ဦးမြို့နယ်၊ဖွားစောကျေးရွာအုပ်စု၊  အနောက်ကန်ပေါက် ကျေးရွာတွင် အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံပွဲနှင့်ဘက်စုံသုံးဆပ်ပြာဆီ လက်တွေ့ပြုလုပ် ပြသခြင်း ဆောင်ရွက်ခဲ့ရာ ညောင်ဦးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဒေါ်မြသန္တာဦးနှင့် ကော်မတီဝင်များ၊ ညောင်ဦး မြို့နယ် ဥက္ကဌဦးအောင်ဌေးနှင့်ကော်မတီဝင်များက အနောက်ကန်ပေါက်ကျေးရွာမှ အမျိုးသမီးပါတီဝင် များနှင့်တွေ့ဆုံပြီး ပြည်ခိုက်ဖြိုးပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ သတ်မှတ်ကာလအမီပြီးစီးရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြား ခဲ့ပါသည်။ ၎င်းနောက်အမျိုးသမီးပါတီဝင်များအား ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ပုံ အဆင့်ဆင့်ကိုရှင်းလင်း ပြော့ကားကာ လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရှိရသည်။