မှော်ဘီမြို့နယ် ရပ်ကျေးကော်မတီများ ၈/၂၀၂၂ လပတ်အစည်းအဝေး ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှော်ဘီမြို့နယ် ရပ်ကျေးကော်မတီဝင်များ၏ ၈/၂၀၂၂ လပတ် အစည်းဝေးအား ယနေ့ နေ့လည် (၁)နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ မှော်ဘီခရိုင် ဥက္ကဌ ဦးအေးလွင်၊ မှော်ဘီမြို့နယ် စီမံမှ ဦးဝင်းစိုး၊ မှော်ဘီမြို့နယ် ကော်မတီဝင်များ နှင့် ရပ်ကျေးပါတီ ဥက္ကဌများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ခရိုင်ပါတီဥက္ကဌ ဦးအေးလွင်မှ ရှေ့ဆက်ရမည့်လုပ်ငန်းစဉ် များ နှင့် ရပ်(၉၀)စီမံချက်အား ဆွေးနွေး ပြောကြားပါသည်။  ထို့နောက် မြို့နယ်စီမံ ဦးဝင်းစိုးမှ မြို့နယ်၏ လုပ်ဆာင်နေသည့် စီမံကိစ္စရပ်များအား ပြောကြားပါသည်။  ဆက်လက်ပြီး မြို့နယ်အတွင်းရေးမှူးမှ ​မှော်ဘီမြို့နယ်နှင့် ပတ်သက်သော လုပ်ငန်းစဉ်များအား ဆက်လက်ရှင်းလင်းကာ တက်ရောက်လာ ကြသော ရပ်ကျေးပါတီ ဥက္ကဌများမှ အကြံပြုဆွေးနွေးပြီး အစည်းဝေးအား နေ့လည် ၂နာရီ မိနစ်၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။