ဖုန်းဆင်းကတ်များကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင်ကြရန်နှင့် အချက်အလက်များ မှားယွင်းမှုရှိပါက ပြင်ဆင်ကြရန် အော်ပရေတာများက သတိပေး

ဖုန်းဆင်းကတ်များကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင်ကြရန်နှင့် အချက်အလက်များ မှားယွင်းမှုရှိပါက ပြင်ဆင်ကြရန် အော်ပရေတာများက သတိပေးချက်များ ထုတ်ပြန်ထားသည်။ သုံးစွဲနေ သည့် ဆင်းမ်ကတ်များကို စစ်ဆေးပြီးပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းအား ဖြင့် သုံးစွဲသူများအတွက် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုများကိုလည်း လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်မည့်အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ နှင့် ပြင်ပလိမ်လည်မှုများ၏ အန္တရာယ်မှ ကာ ကွယ်ပေးမည် ဖြစ်သည်ဟု အဆိုပါအော်ပ ရေတာများက သုံးစွဲသူများသို့ စာတိုပို့အ ကြောင်းကြားထားသည်။

ဆင်းမ်ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် နှိုင်းယှဉ် စစ်ဆေး၍ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်စွက် ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ပိတ် သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်း ထင်ရှားသည့် အရှေ့/အနောက် ရောင်စုံ ဓာတ်ပုံတို့ဖြင့် ဆင်းမ်ကတ် စတင်သုံးစွဲချိန် တွင် မှတ်ပုံတင်ရန် လိုအပ်ကြောင်းသိရသည်။

အလားတူဆင်းမ်ကတ်များ ပြန်လည် ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် သက်ဆိုင်ရာ အရောင်းဆိုင်များတွင်လည်း ဆောင်ရွက် နိုင်ကြောင်း သိရသည်။