Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈၇) ဦး တွေ့ရှိ

(၂၉-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၀၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၉၈) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၇) ဦးအနက် (၁၄) ဦး၊ (၁၆.၀၉) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက် လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၇၃) ဦး၊ (၈၃.၉၁) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူများ ဖြစ်ပါသည်။ MOH