တနင်္သာရီမြစ်ရေ စိုးရိမ် ရေအမှတ်နီးပါး ရောက်လာပြီး မြေနိမ့်ပိုင်းရှိ ကျောင်းနှစ်ကျောင်း ယာယီ ပိတ်ထားရကြောင်း သိရ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေ အမှတ်နီးပါး ရောက်လာပြီး မြေနိမ့်ပိုင်းရှိကျောင်း နှစ် ကျောင်း ယာယီပိတ်ထားရကြောင်း သိရ သည်။တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေမှာ ဇူလိုင်လ ၁၃ ရက်နေ့ညနေပိုင်းတိုင်းထွာချက်အရ ၁၅ ပေ အထိမြင့်တက်လာနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း ဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မြစ်ဖျားပိုင်းဒေသမှ မိုးကောင်းရေများ စီး ဆင်းလာမှုကြောင့် မြစ်ရေတက်လာခြင်း ဖြစ် ကြောင်း သိရသည်။

“ ထုံးစံအတိုင်းပဲ ထားဝယ်ဘက်မှာ မိုး ရွာသွန်းမှု များလာရင် တနင်္သာရီမြစ်ရေ တက်လာတတ်တာပဲလေ။ တနင်္သာရီမြစ်က ထားဝယ်ဘက်ကနေ မြစ်ဖျားခံထားတော့ မြစ်ဖျားပိုင်းမှာ မိုးကောင်းရင် တောင် ကျရေ တွေ၊မိုးကောင်းရေတွေနှင့်အတူ တနင်္သာရီ နယ်တစ်လျှောက်မှာ မြစ်ရေလွှမ်းတတ်ပါတယ်။ မြို့ပေါ်မှာတော့ ဘာမှမဖြစ်သေးပါဘူး။ နယ်ဘက်က မြေနိမ့်ပိုင်းတွေမှာ ရေတက်လာတာကြားရတယ်” ဟု တနင်္သာရီမြို့ ခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီမြို့ ရေထိန်းတံခါးရေမှတ်တိုင်တွင် သာမန်မြစ်ရေ အထက် ၁၅ ပေရှိ လာနေသည့် အတွက်ကျေးရွာတချို့ရှိ မြေနိမ့် ပိုင်းများတွင် မြစ်ရေဝင်ရောက်နေပြီဖြစ်ကြောင်း၊ မြစ်ရေတက်လာသည့်အတွက် ပဝ ကျေးရွာအုပ်စု၊ သာယာကုန်း အလက(ခွဲ) ကျောင်းနှင့် အမက ဖိုးမဲကျောင်း နှစ်ကျောင်း ကို ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ပြီး ယာယီ ပိတ်ထားရကြောင်း သိရသည်။သာယာကုန်းကျေးရွာနှင့် တမုတ်ချုံး ကျေးရွာသို့သွားသည့် ရွာချင်းဆက်လမ်းများတွင် ရေကျော်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ် မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေသတ်မှတ်ထားကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းဇူလိုင်လ ပထမအပတ်မှစတင်ပြီးမိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်နေပြီး ပင်လယ်ပြင်တွင်လည်း လှိုင်းလေပြင်းထန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ Eleven