ပြည်တွင်း၌ COVID-19 အတည်ပြုလူနာသစ် တစ်ရက်အတွင်း ၃၉ ဦးတွေ့ရှိ

ပြည်တွင်း၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ရက်အတွင်း ၃၉ ဦးတွေ့ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဧပြီ ၁၉ ရက်) ည ၈ နာရီ သတင်းတွင်ထုတ်ပြန်ကြေညာသည်။

ဧပြီ ၁၈ ရက်၊ ည ၈ နာရီမှ ယမန်နေ့(ဧပြီ ၁၉ ရက်) ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၄၈၉ ခုအား စစ်ဆေးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉ ဦးတွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါဓာတ်ခွဲ အတည်ပြု လူနာများထဲမှ၂၄ ဦးမှာ ပြည်ပမှဝင်ရောက်လာသူများဖြစ်ပြီး ၁၅ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွားသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ သံသယလူနာများအား အသွားအလာ ကန့်သတ်ထားရှိပြီး COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့အတွက် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ COVID-19 စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ ယခုအချိန်အထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၂၄၆,၇၁၄ ခုအား စစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၄,၂၁၃ ဦးရှိပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၁၉,၄၉၀ ဦးရှိကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရသိရသည်။