ပါတီဝင်အသစ်များလျှောက်လွှာဖြည့်သွင်းရာသို့ တိုင်းဒေသကြီးပါတီဥက္ကဌသွားရာက်အားပေး

အောင်မြေသာစံမြို့နယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပါတီဗဟိုဌာနချုပ်၏လမ်းညွှန်ချက်ဖြစ်သော ပထမ (၃)လပတ်၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်အဖြစ် ပါတီဝင်အသစ်များတိုးချဲ့စည်းရုံးခြင်းကို (၁၃.၁၂.၂၀၂၂) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အိုးဘိုရွှေကျင်ရပ်ကွက်၌ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပါတီဝင် အသစ် များ လျှောက်လွှာဖြည့်သွင်းခြင်းဆောင်ရွက်ရာသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးတင့်လွင်ဦး၊ ဦးကျော်စန်း၊ ဦးမျိုးမြင့်၊ အောင်မြေသာစံ ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းနှင့် ကော်မတီဝင်များမှသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အောင်မြေသာစံမြို့နယ်ပါတီဥက္ကဌ ဦးလှိုင်ဝင်းထွန်း နှင့် ကော်မတီဝင်များမှ ပါတီဝင်အသစ် လျှောက်လွှာများဖြည့်သွင်းခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ယနေ့တွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်(၅၃)ဦးလျှောက်လွှာ ဖြည့်သွင်း ဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။