ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကွန်ပျူတာနည်းပညာသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ လူငယ်ထုနှင့် အမျိုးသမီးထုအ တွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန်ရည်သန်လျက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ဖြိုး Computer Training Center တို့ ပူးပေါင်းဖွင့်လှစ်သော ကွန်ပျူတာအသုံးချ နည်းပညာ သင်တန်းများ တတိယအကြိမ် သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင်ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါ်သင်းသင်းမိုးက အမှာစကားပြောကြားခဲ့ပြီး ဖြိုး Computer Training Center rS Managing Director မှ Managing Director ဦးအောင် ပြည့်ဖြိုးက ICDL Computer စာမေးပွဲဖြေနည်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူ များက သင်တန်းပြီးမြောက်ခဲ့သည့် သင်တန်းသား ၂၅ဦးအား သင်တန်း ဆင်းလက်မှတ်များပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)