ရွှေစျေးကွက်အတွင်း အဝယ်ထက် အရောင်းများနေပြီး စျေးကွက်အေးနေသည်ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌပြောကြား

ရွှေစျေးကွက်အတွင်း အဝယ်ထက် အရောင်းများနေပြီး စျေးကွက်အေးနေသည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ “အဝယ်ထက် အရောင်းက များနေပါ တယ်ကွာ။ စျေးကွက်က တော်တော်အေးနေ တယ်။ ရွှေစျေးကလည်း နည်းနည်းကျတယ်”ဟု ဦးမျိုးမြင့်က ပြောကြားသည်။ ဒေါ်လာစျေးမှာလည်း အနည်းငယ်ကျ ဆင်းသဖြင့် ရွှေစျေးနှုန်းမှာလည်း အနည်း ငယ် ကျဆင်းလာကြောင်း ဦးမျိုးမြင့်က ဆက် လက်ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် စျေးကွက်အတွင်းဖြစ်ပေါ်ခဲ့သည့် ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆၆၅၀၀၀ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၅၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးရန် ပန်ကြား လွှာထုတ်ပြန်ထားသည်။ ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်ကြောင်း သိရသည်။

ရွှေစျေးနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။