ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးဝါးကုသမှု ခံယူနေကြသူများအား အားပေးစကားပြောကြားပြီး အဟာရ စားသောက်ဖွယ်ရာများလှူဒါန်း

ရှမ်းပြည်နယ် မြောက်ပိုင်း၊ဟိုပန်မြို့နယ်  ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းဦးဆောင်သော အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက် နေ့နံနက် (၁၁) နာရီခန့်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဋ္ဌနှင့် (ဝ) ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းဥက္ကဋ္ဌတို့ဦးဆောင်သောအဖွဲ့များနှင်အတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဟိုပန် မြို့၊မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများ၊ဆေးဝါးကုသမှု့ခံယူနေသူများအား  အဟာရစားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း ပြီးအားပေးစကားများပြောကြားခဲ့သည်။