စမ်းချောင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ဗဟိုကော်မတီဝင် တက်ရောက်

 

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသော အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၃) ရက် နေ့လည် (၁၂) နာရီက စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်နှင့်ဒေါ်စန်းစန်းဝင်း မြို့နယ်ပါတီဥက္ကဌ ဦးဌေးအောင်နှင့်မြို့နယ်ကော်မတီဝင်များ၊ အမျိုးသမီးထုများ၊ NGO အဖွဲ့များ စုစုပေါင်းအင်အား (၁၀၀) ခန့် တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်သည်။ထို့နောက် ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မတီဝင်များမှ ပြည်ခိုင်ဖြိုးပါတီသီချင်းဖြင့် ဖျော်ဖြေ၍ မြို့နယ်ပါတီဥက္ကဌ ဦးဌေးအောင်မှ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စိမ်းမို့မို့ဦးမှ နှီးနှောဖလှယ်ပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး အမျိုးသမီးအစုဖွဲ့(၄) ဖွဲ့မှ စာတမ်း (၄) စောင်ဖတ်ကြားသည်။
ထို့နောက် တိုင်းညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များ ရွေးချယ်၍ အမည်စာရင်းကြေငြာသည်။ ထို့နောက်နှီးနှောဖလှယ်ပွဲသဘာပတိ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ နိဂုံးချူ ပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲေ့ကြာင်းသိရှိရသည်။

ထိန်ဝင်း(YGN)