ဌာနချုပ်လမ်းညွှန်ချက် များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအားအပြန်အလှန်ဆွေးနွေး

ယနေ့(၁-၁၂-၂၀၂၂) နေ့လည်(၁) နာရီက  မြစ်ကြီးနားခရိုင်ပါတီရုံး၌ မြစ်ကြီးနားခရိုင်/မြစ်ကြီးနားမြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့မှ ပါတီကော်မတီဝင်များတွေ့ဆုံ၍ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေး၊ ပါတီဝင်များ သေချာစွာ စိစစ်ရေး၊ပါတီဝင်များ၏ လုံခြုံရေးဂရုစိုက်ရေးနှင့်ဌာနချုပ် လမ်းညွှန်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။