သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၅-၁၁-၂၀၂၂)ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ သပိတ်ကျင်းခရိုင်ကော်မတီဝင် ဦးကျော်ဇောအောင်၊ သပိတ်ကျင်းမြို့နယ်ဥက္ကဌ ဦးထွန်းတင့်၊ အတွင်းရေးမှုးဒေါ်အေးမြမြစိုးနှင့် ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အား စီစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံ အင်အားတိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍ စကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ လည်းသိရှိလို သည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။