နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးထံ WHO မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ၎င်း၏ခန့်အပ်လွှာအား ပေးအပ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization – WHO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (Representative) အဖြစ် တာဝန် ထမ်းဆောင်မည့် Dr.Thushara Eraj Indranath Fernando နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီတွင် လာရောက်ဂါရဝပြုတွေ့ ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ ခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားသို့နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြောင်းသိရသည်။